အသိပေးအကြောင်းကြားခြင်း

  • HOME
  • အသိပေးအကြောင်းကြားခြင်း
  • "ကိုရိုနာဗိုင်းရပ်ကြောင့် နေ့စဉ်အသက်မွေးဝမ်းကြောင်းအတွက် ချေးထားတဲ့ငွေ (အထူးချေးငွေ特例貸付) ကို ပြန်ဆပ်စရာမလိုပါ။(償還免除)" ဆိုတဲ့ အကြောင်းကြားစာကို လက်ခံရရှိပါသလား။
"ကိုရိုနာဗိုင်းရပ်ကြောင့် နေ့စဉ်အသက်မွေးဝမ်းကြောင်းအတွက် ချေးထားတဲ့ငွေ (အထူးချေးငွေ特例貸付) ကို ပြန်ဆပ်စရာမလိုပါ။(償還免除)" ဆိုတဲ့ အကြောင်းကြားစာကို လက်ခံရရှိပါသလား။
2024.07.25
ကြေငြာချက်၊

 

၂၀၂၄ခုနှစ်(令和6年度)၊ဇွန်လ တွင် Hokkaido Social Welfare Council မှ အထူးထောက်ပံ့ငွေ (ပြန်လည်ချေးငွေ/再貸付)ကိုချေးယူသူများအားပြန်ဆပ်ရန်မလိုအပ်ကြောင်း (ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်/償還免除) လမ်းညွှန်အကြောင်းကြားစာနှင့် လျှောက်လွှာပုံစံများကို ပေးပို့ခဲ့သည်။

၂၀၂၄ခုနှစ်(令和6年度)အတွက် နေထိုင်သူအခွန် "တစ်ဦးချင်းနှုန်းနှင့် ဝင်ငွေနှုန်း" ကို ပေးဆောင်ရန် မလိုအပ်သူများ(အခွန်ကင်းလွတ်ခွင့်ရှိသူ/非課税の人) သည် ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်/償還免除 လျှောက်ထားနိုင်ပါသည်။ အကယ်၍ သင်သည် နေထိုင်သူအခွန် ပေးဆောင်ရန် မလိုအပ်သူ(အခွန်ကင်းလွတ်ခွင့်/非課税)ဟုတ်မဟုတ်ကို မသိရှိပါက သင်နေထိုင်ရာ စည်ပင်သာယာရေးရုံးမှ "အခွန်လက်မှတ်/「課税証明書」" တောင်းခံ၍စစ်ဆေးကြည့်ပါ။

အသေးစိတ်အချက်အလက်များအတွက် ကျွန်တော်တို့စင်တာမှခြုံငုံစုစည်းထားသော"ကိုရိုနာဗိုင်းရပ်ကြောင့် နေ့စဉ်အသက်မွေးဝမ်းကြောင်းအတွက် ချေးထားတဲ့ငွေ (အထူးချေးငွေ特例貸付) ကို ပြန်ဆပ်စရာမလိုပါ။(償還免除)"နှင့်ကျန်းမာရေး၊အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှဘာသာစကားမျိုးစုံသို့ပြန်ဆိုထားသောအချက်အလက်စာရွက်စာတမ်းများကို ဖတ်ရှုလေ့လာပါ။