အသိပေးအကြောင်းကြားခြင်း

ဇွန်လ၁၅ရက် စနေနေ့မှာ ဟကိုဒတဲ Hakodate City ကို လာရောက်ပါမည်။
2024.06.15
လူမှုရေးဆိုင်ရာဆောင်ရွက်လှုပ်ရှားမှု
 

 

ဇွန်လ ၁၅ ရက် (စနေနေ့) တွင် Hokkaido Foreign Resident Support Centerသည် "ယာယီလာရောက်တိုင်ပင်ဆွေးနွေးပွဲ(ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်း)" ကို ဟကိုဒတဲ Hakodate City ၌ကျင်းပမည်ဖြစ်သည်။

◇ ဟကိုဒတဲ Hakodate City◇ ရှိ ယာယီလာရောက်တိုင်ပင်ဆွေးနွေးပွဲ

အချိန်- ဇွန်လ၁၅ရက် ၊ 2024 (စနေနေ့)၁၁:၃၀ မှ ၁၆:၀၀ ထိ။
နေရာ- Hokkaido International Foundation (HIF), 4th Floor Conference Room
https://maps.app.goo.gl/CTzcyrK9Pz1j15vy7

ကျွမ်းကျင်သူများ-ရုံးနဲ့ဉပဒေရေးရာစီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ၊ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ဝန်ထမ်းများ
ဘာသာစကားများ-ဂျပန်၊အင်္ဂလိပ်၊ဗီယက်နမ်(အခြားဘာသာစကားများအတွက် တယ်လီဖုန်းစကားပြန်ကို အသုံးပြုပါမည်)
မည်မျှ- အခမဲ့ [0 ယန်း]
ကြိုတင်စာရင်းပေးရန်-https://forms.gle/VkqtM8AQNWXeWVxk7
*ကြိုတင်စာရင်းသွင်းနိုင်သော်လည်းကြိုတင်စာရင်းသွင်းထားခြင်းမရှိသေးပါကလည်းလာရောက်တိုင်ပင်နိုင်ပါသည်။

ဆွေးနွေးနိုင်သော အကြောင်းအရာများ-
1) Hokkaido Foreign Resident Support Center မှ အတိုင်ပင်ခံ -
ကျန်းမာရေးအာမခံ၊ ပင်စင်၊ ယာဉ်မောင်းလိုင်စင်၊ အလုပ်သမား‌ရေးရာကိစ္စများ အစရှိသည်တို့ကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
2) ရုံးနဲ့ဉပဒေရေးရာစီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ - နေထိုင်မှုအခြေအနေ(ဗီဇာ)၊ နိုင်ငံသားပြုခွင့်လျှောက်လွှာ(ဂျပန်ဖြစ်လာသူ)၊စာချုပ်စာတမ်း(keiyakusho)၊သေတမ်းစာ (yuigonsho)၊ ကားမှတ်ပုံတင်၊ မြေအသုံးချမှု စသည်ဖြင့် ပြောဆိုဆွေးနွေးနိုင်ပါသည်။
3) ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရို - နေထိုင်မှုအခြေအနေ (ဗီဇာ)၊ ပြန်လည်ဝင်ရောက်ခွင့်၊ အမြဲတမ်းနေထိုင်ခွင့် ကဲ့သို့သော လျှောက်လွှာများအကြောင်း တိုင်ပင်ဆွေနွေးနိုင်ပါသည်။

ဆွေးနွေးလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။