အသိပေးအကြောင်းကြားခြင်း

ဇွန်လ ၁၆ ရက် (တနင်္ဂနွေနေ့)မှာ ယခုမိုမြို့ Yakumo Town ကို လာရောက်ပါမည်။
2024.06.16
လူမှုရေးဆိုင်ရာဆောင်ရွက်လှုပ်ရှားမှု
 

 

ဇွန်လ ၁၆ ရက် (တနင်္ဂနွေနေ့) တွင် Hokkaido Foreign Resident Support Centerသည် "ယာယီလာရောက်တိုင်ပင်ဆွေးနွေးပွဲ(ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်း)" ကို ယခုမိုမြို့ Yakumo Town ၌ကျင်းပမည်ဖြစ်သည်။

◇ Yakumo ရှိ ယာယီလာရောက်တိုင်ပင်ဆွေးနွေးပွဲ ◇

အချိန်- ဇွန်လ ၁၆ ရက်၊ ၂၀၂၄(တနင်္ဂနွေနေ့) ၁၂:၀၀ မှ ၁၅:၃၀ ထိ။
နေရာ- Hapia Yakumo, 2nd Floor Conference Room
https://goo.gl/maps/zNcqFzB9a2g2VhLf7

ကျွမ်းကျင်သူများ-ရုံးနဲ့ဉပဒေရေးရာစီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ၊ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ဝန်ထမ်းများ
ဘာသာစကားများ-ဂျပန်ဘာသာ၊အင်္ဂလိပ်ဘာသာ၊ဗီယက်နမ်ဘာသာ(အခြားဘာသာစကားများအတွက်တယ်လီဖုန်းစကားပြန်ကို အသုံးပြုပါမည်)
မည်မျှ- အခမဲ့ [0 ယန်း]
ကြိုတင်စာရင်းပေးရန်- https://forms.gle/BCUTvrDTKtFPY76R8
*ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှဝန်ထမ်းနှင့်တိုင်ပင်ဆွေးနွေးလိုပါကဇွန်လ၁၂ရက်နေ့ဗုဒ္ဓဟူးနေ့မတိုင်မီကြိုတင်ရက်ချိန်းယူပေးပါရန်။

ဆွေးနွေးနိုင်သော အကြောင်းအရာများ-
1) Support Center မှ အတိုင်ပင်ခံ -
ကျန်းမာရေးအာမခံ၊ ပင်စင်၊ ယာဉ်မောင်းလိုင်စင်၊ အလုပ်သမား‌ရေးရာကိစ္စများ အစရှိသည်တို့ကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
2) ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရို- နေထိုင်မှုအခြေအနေ (ဗီဇာ)၊ ပြန်လည်ဝင်ရောက်ခွင့်၊ အမြဲတမ်းနေထိုင်ခွင့် ကဲ့သို့သော လျှောက်လွှာများအကြောင်း တိုင်ပင်ဆွေနွေးနိုင်ပါသည်။
3) ရုံးနဲ့ဉပဒေရေးရာစီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ- နေထိုင်မှုအခြေအနေ(ဗီဇာ)၊ နိုင်ငံသားပြုခွင့်လျှောက်လွှာ(ဂျပန်ဖြစ်လာသူ)၊စာချုပ်စာတမ်း(keiyakusho)၊သေတမ်းစာ (yuigonsho)၊ ကားမှတ်ပုံတင်၊ မြေအသုံးချမှု စသည်ဖြင့် ပြောဆိုဆွေးနွေးနိုင်ပါသည်။

လူကြီးမင်းတို့ပါဝင်မှုကို ကျွန်ုပ်တို့ မျှော်လင့်ပါသည်။