အသိပေးအကြောင်းကြားခြင်း

ဇွန်လှိုင်လ ၇ရက် (တနင်္ဂနွေနေ့)မှာ မွန်ဘက်ကျွတ်မြို့ Mombetsu City ကို လာရောက်ပါမည်။
2024.07.07
လူမှုရေးဆိုင်ရာဆောင်ရွက်လှုပ်ရှားမှု

 

ဇွန်လှိုင်လ၊ ၇ရက်(တနင်္ဂနွေနေ့)တွင်Hokkaido Foreign Resident Consultation Center သည် "ယာယီလာရောက်တိုင်ပင်ဆွေးနွေးပွဲ(ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်း)" ကို မွန်ဘက်ကျွတ်မြို့ Mombetsu City ၌ကျင်းပမည်ဖြစ်သည်။

◇ မွန်ဘက်ကျွတ်မြို့ Mombetsu City ရှိ ယာယီလာရောက်တိုင်ပင်ဆွေးနွေးပွဲ◇

အချိန်- ဇွန်လှိုင်လ ၇ရက် ၊ ၂၀၂၄(တနင်္ဂနွေနေ့) ၁၁:၀၀ မှ ၁၅:၀၀ ထိ။
နေရာ- Mombetsu International Exchange Station Smile
   https://goo.gl/maps/6RMvToSd5eTFRgC86

ကျွမ်းကျင်သူများ-ရုံးနဲ့ဉပဒေရေးရာစီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ၊ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ဝန်ထမ်းများ
ဘာသာစကားများ-ဂျပန်ဘာသာ၊အင်္ဂလိပ်ဘာသာ၊ဗီယက်နမ်ဘာသာ(အခြားဘာသာစကားများအတွက်တယ်လီဖုန်းစကားပြန်ကို အသုံးပြုပါမည်)
မည်မျှ- အခမဲ့ [0 ယန်း]
ကြိုတင်စာရင်းပေးရန်- https://forms.gle/odazJyJF4Xt24ZtS9
*ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှဝန်ထမ်းနှင့်တိုင်ပင်ဆွေးနွေးလိုပါက ဇွန်လှိုင်လ၊၃ရက် နေ့၊ဗုဒ္ဓဟူးနေ့မတိုင်မီကြိုတင်ရက်ချိန်းယူပေးပါရန်။

ဆွေးနွေးနိုင်သော အကြောင်းအရာများ-
1) Hokkaido Foreign Resident Support Center မှ အတိုင်ပင်ခံ - ကျန်းမာရေးအာမခံ၊ ပင်စင်၊ ယာဉ်မောင်းလိုင်စင်၊ အလုပ်သမား‌ရေးရာကိစ္စများ အစရှိသည်တို့ကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

2)ရုံးနဲ့ဉပဒေရေးရာစီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ-နေထိုင်မှုအခြေအနေ(ဗီဇာ)၊ နိုင်ငံသားပြုခွင့်လျှောက်လွှာ(ဂျပန်ဖြစ်လာသူ)၊စာချုပ်စာတမ်း(keiyakusho)၊သေတမ်းစာ (yuigonsho)၊ ကားမှတ်ပုံတင်၊ မြေအသုံးချမှု စသည်ဖြင့် ပြောဆိုဆွေးနွေးနိုင်ပါသည်။

3) ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရို- နေထိုင်မှုအခြေအနေ (ဗီဇာ)၊ ပြန်လည်ဝင်ရောက်ခွင့်၊ အမြဲတမ်းနေထိုင်ခွင့် ကဲ့သို့သော လျှောက်လွှာများအကြောင်း တိုင်ပင်ဆွေနွေးနိုင်ပါသည်။

ဆွေးနွေးလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။