အသိပေးအကြောင်းကြားခြင်း

ဇွန်လှိုင်လ၊၂၈ ရက် (တနင်္ဂနွေနေ့)မှာ ဟမတုန်ဘက်ကျွတ်မြို့ Hamatonbetsu Town ကို လာရောက်ပါမည်။
2024.07.28
လူမှုရေးဆိုင်ရာဆောင်ရွက်လှုပ်ရှားမှု

 

ဇွန်လှိုင်လ၊၂၈ ရက် (တနင်္ဂနွေနေ့) တွင် Hokkaido Foreign Resident Support Centerသည် "ယာယီလာရောက်တိုင်ပင်ဆွေးနွေးပွဲ(ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်း)" ကို ဟမတုန်ဘက်ကျွတ်မြို့ Hamatonbetsu Town ၌ကျင်းပမည်ဖြစ်သည်။

◇ ဟမတုန်ဘက်ကျွတ်မြို့ Hamatonbetsu Town "ယာယီလာရောက်တိုင်ပင်ဆွေးနွေးပွဲ"◇

အချိန်-ဇွန်လှိုင်လ၊၂၈ ရက် ၊ ၂၀၂၄(တနင်္ဂနွေနေ့) ၁၁:၀၀ မှ ၁၄:၀၀ ထိ။
နေရာ- Hamatonbetsu Town Exchange Center
   https://maps.app.goo.gl/3NdrcUEkpfDm8zL56

ကျွမ်းကျင်သူများ-ရုံးနဲ့ဉပဒေရေးရာစီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ၊ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ဝန်ထမ်းများ
ဘာသာစကားများ-ဂျပန်၊အင်္ဂလိပ်၊ဗီယက်နမ်(အခြားဘာသာစကားများအတွက် တယ်လီဖုန်းစကားပြန်ကို အသုံးပြုပါမည်)
မည်မျှ- အခမဲ့ [0 ယန်း]
ကြိုတင်စာရင်းပေးရန်- https://forms.gle/g7tUt36X3KhFX33u9
*ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှဝန်ထမ်းနှင့်တိုင်ပင်ဆွေးနွေးလိုပါကဇွန်လှိုင်လ၂၄ရက်နေ့ဗုဒ္ဓဟူးနေ့နောက်ဆုံးထား၍၊ကြိုတင်ရက်ချိန်းယူပေးပါရန်။

ဆွေးနွေးနိုင်သော အကြောင်းအရာများ-
1) Hokkaido Foreign Resident Support Center မှ အတိုင်ပင်ခံ - ကျန်းမာရေးအာမခံ၊ ပင်စင်၊ ယာဉ်မောင်းလိုင်စင်၊ အလုပ်သမား‌ရေးရာကိစ္စများ အစရှိသည်တို့ကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

2)ရုံးနဲ့ဉပဒေရေးရာစီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ-နေထိုင်မှုအခြေအနေ(ဗီဇာ)၊ နိုင်ငံသားပြုခွင့်လျှောက်လွှာ(ဂျပန်ဖြစ်လာသူ)၊စာချုပ်စာတမ်း(keiyakusho)၊သေတမ်းစာ (yuigonsho)၊ ကားမှတ်ပုံတင်၊ မြေအသုံးချမှု စသည်ဖြင့် ပြောဆိုဆွေးနွေးနိုင်ပါသည်။

3) ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရို- နေထိုင်မှုအခြေအနေ (ဗီဇာ)၊ ပြန်လည်ဝင်ရောက်ခွင့်၊ အမြဲတမ်းနေထိုင်ခွင့် ကဲ့သို့သော လျှောက်လွှာများအကြောင်း တိုင်ပင်ဆွေနွေးနိုင်ပါသည်။

ဆွေးနွေးလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။