နေထိုင်မှုဆိုင်ရာ လမ်းညွှန်

  • HOME
  • နေထိုင်မှုဆိုင်ရာ လမ်းညွှန်
  • လူမှုဖူလုံရေး၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး၊ လူမှုဘဝကာကွယ်စောင့်ရှောက်ရေး
လူမှုဖူလုံရေး၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး၊ လူမှုဘဝကာကွယ်စောင့်ရှောက်ရေး

【လူမှုဖူလုံရေး၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး၊ ဘဝကာကွယ်စောင့်ရှောက်ရေး】
 ■ကလေးသူငယ်သက်သာချောင်ချိရေး
 ・ကလေးသူငယ်ခံစားခွင့်ဆိုသည်မှာ အလယ်တန်းမပြီးခင် ကလေးအုပ်ထိန်းသူထံ ထောက်ပံ့သည့်စနစ်ဖြစ်သည်။
 ・ကလေးသူငယ်ပြုစုပျိုးထောင်ရေးခံစားခွင့်သည် မိဘတစ်ဦးတည်းရှိသောအိမ်သို့ ထောက်ပံ့သည့်စနစ်ဖြစ်သည်။
 ・ထို့ပြင် မသန်စွမ်းကလေးရှိသော အုပ်ထိန်းသူထံ ထောက်ပံ့သည့် အထူးကလေးထောက်ပံ့ရေးခံစားခွင့်၊ မသန်စွမ်းကလေးငယ်များ အတွက် လူမှုဖူလုံရေးခံစားခွင့်နှင့် ပြင်းထန်သောစိတ်ပိုင်း၊ ကိုယ်ပိုင်းထိခိုက်မှု ဝေဒနာခံစားနေရသောသူများထံ ဆေးဖိုးကူညီပေးသောစနစ် စသည်တို့ရှိသည်။

 ■ကာလကြာပြုစုစောင့်ရှောက်မှုအာမခံ
 ・လူ့ဘောင်စနစ်ရှိ အသက်ကြီးသူများနှင့် စောင့်ရှောက်မှုလိုအပ်သူများကို ထောက်ပံ့သည့်စနစ်တွင် အသက်၄၀ကျော် နိုင်ငံခြားသား နေထိုင်သူများ သည်လည်း စောင့်ရှောက်မှုအာမခံတွင် ပါဝင်ရမည်ဖြစ်သည်။ စောင့်ရှောက်မှုလိုအပ်သည်ဟု သတ်မှတ်ခံရပါက ကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်းကို ခွဲဝေကျခံကာ စောင့်ရှောက်ရေးဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။

 ■မသန်စွမ်းများသက်သာချောင်ချိရေး
 ・ပ်ပိုင်းဆိုင်ရာ၊ အသိဥာဏ်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိသူများကို မှတ်စုများထုတ်ပေးကာ အခွန်ကင်းလွတ်ခွင့်နှင့် ဆေးကုသမှုကုန်ကျစရိတ်ထောက်ပံ့ခြင်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို ဈေးလျော့ပေးခြင်းများ ပြုလုပ်ပေးသည်။

 ■ဘဝကာကွယ်စောင့်ရှောက်ရေး
 ・ဖျားနာခြင်းနှင့် ဒဏ်ရာစသည်တို့ကြောင့် နေထိုင်မှုဘဝတွင် အဆင်မပြေဖြစ်နေသည့် မိသားစုများကို လွတ်လပ်စွာရပ်တည်နေနိုင်မည့် ထောက်ပံ့ရေး စနစ်ဖြစ်ပြီး အမြဲတမ်းနေထိုင်သူများသည် လိုအပ်ချက်များ နှင့် ကိုက်ညီပါက လူမှုဖူလုံရေးငွေကြေးထောက်ပံ့မှုကို ရရှိနိုင်သည်။

<ဆက်စပ် အဖွဲ့အစည်းများ>
 ●လုပ်ထုံးလုပ်နည်း၊ စုံစမ်းမေးမြန်းရန်ကောင်တာ
 (ကလေးသူငယ်သက်သာချောင်ချိရေး, ကာလကြာပြုစုစောင့်ရှောက်မှုအာမခံ, မသန်စွမ်းများသက်သာချောင်ချိရေး)
  ・မြို့တော်စည်ပင်သာယာရုံး၊ မြို့မြို့နယ်ကျေးရွာရုံးများ စာရင်း(ဘာသာစကားပေါင်းစုံ)
   /soudan/guide/shichoson.xls
 (ဘဝကာကွယ်စောင့်ရှောက်ရေး)
  ・ဟို့ကိုင်းဒိုး ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန၊ လူမှုဖူလုံရေးအကူအညီပေးရေးဌာန(ဂျပန်ဘာသာ)
   http://www.pref.hokkaido.lg.jp/hf/feg/hog/hogoanai2.htm
   ※မြို့ - စည်ပင်သာယာလူမှုဖူလုံရေးရုံး
    မြို့၊ ကျေးရွာ - ဟော့ကိုင်းဒိုးစီရင်စုဌာန၏လူမှုဖူလုံရေးဌာန၏မြူနီစီပယ်ရုံး
  (ဒေသတွင်းလူမှုဖူလုံရေးလှုပ်ရှားမှု)
  ・Hokkaido လူမှုဖူလုံရေးကောင်စီ, လူမှုသက်သာချောင်ချိရေးစည်ပင်သာယာကောင်စီ(ဂ်ပန္ဘာသာ)
     http://www.dosyakyo.or.jp/chiiki_seikatsushien/window.html