【အခွန်နှင့် ပင်စင်ကြေး】
■အခွန်နှင့်
・ဂျပန်နိုင်ငံအတွင်းနေထိုင်သူများသည် မည်သည့်နိုင်ငံသားပင် ဖြစ်စေကာမူ အခွန်ကို မဖြစ်မနေပေးဆောင်ရမည်။
・အခွန်များတွင် နိုင်ငံတော်ကို ပေးဆောင်ရသည့် နိုင်ငံတော်အခွန်နှင့် ပြည်နယ်၊ မြို့၊ မြို့နယ်၊ ကျေးရွာများတွင် ပေးဆောင်ရသည့် ဒေသခွန်ဟူ၍ ရှိသည်။
・အများအားဖြင့် ပေးဆောင်ရသည်မှာ ဝင်ငွေခွန်နှင့် တစ်ဦးချင်းနေထိုင်ခွန်ဖြစ်သည်။ ဂျပန်တွင် တစ်နှစ်ထက် အကြာနေထိုင်သူများသည် ဝင်ငွေအလိုက် ဂျပန်လူမျိုးနှင့်တန်းတူ အခွန်နှုန်းကျသင့်ပါမည်။ ဝင်ငွေရှိသူများသည် ဝင်ငွေမှ အလိုအလျောက် နှုတ်ယူခံရမည်ဖြစ်ပြီး အခွန်သွားရောက်ပေးဆောင်ရခြင်းများ မလိုအပ်သော်လည်း ကုန်ကျမှုများသော ဆေးကုသမှုစရိတ်ပေးချေခြင်းနှင့် အိမ်ဝယ်ခြင်းကဲ့သို့သော ကိစ္စများတွင် အခွန်ပြန်အမ်းပေးရန်အတွက် လုပ်ထုံးလုပ်နည်းများ လိုအပ်သည်။
・ကိုယ်ပိုင်လုပ်ငန်း လုပ်နေသူများသည် ယခင်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်ဝင်ငွေနှင့် ပတ်သက်၍ အခွန်ရုံးတွင် လိုအပ်သည့်လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရပါမည်။
・တစ်ဦးချင်းနေထိုင်မှုအခွန်တွင် တစ်ဦးချင်းနေထိုင်ခွန်နှင့် တစ်ဦးချင်း မြို့ မြို့နယ် ကျေးရွာ နေထိုင်ခွန်များရှိပြီး ၊ဇန်နဝါရီလ ၁ ရက်နေ့၊ လက်ရှိအချိန်တွင် ဟို့ကိုင်းဒိုး၌ နေထိုင်သူများသည် အခွန်ကို မပေးချေ၍ မရပါ။
・နေထိုင်ခွင့်ကတ် ပြောင်းလဲမှုနှင့် ကလေးထိန်းကျောင်းသို့ ဝင်ခြင်း၊ အများပြည်သူအိမ်ရာ နေထိုင်ခွင့်လျှောက်ထားချိန်တွင် ဝင်ငွေအထောက်အထားပြသည့်အနေဖြင့် " အခွန်သက်သေခံလက်မှတ် " နှင့်" ဝင်ငွေသက်သေခံလက်မှတ်" တို့လိုအပ်မည်ဖြစ်သောကြောင့် ထိုအရာကို မြို့မြို့နယ်ကျေးရွာရုံးတွင် လျှောက်ထားပါ။
<ဆက်စပ် အဖွဲ့အစည်းများ>
●လုပ်ထုံးလုပ်နည်း၊ စုံစမ်းမေးမြန်းရန်ကောင်တာ
(နိုင်ငံအခွန်:ဝင်ငွေခွန် ပြန်ပေးခြင်းစသည်)
・အမျိုးသားအခွန်စီမံခန့်ခွဲမှုရုံး(ဂျပန်ဘာသာ/ အင်္ဂလိပ်ဘာသာ၊)
http://www.nta.go.jp/english/index.htm
TEL:011-206-6111(ဆပ်ပိုရိုဖုန်းလက်ခံစင်တာ、ဂျပန်ဘာသာ)
http://www.nta.go.jp/about/organization/sapporo/location/index.htm(အခွန်ရုံး)
(လမ်းခွန်:စီးပွားရေးလုပ်ငန်းခွန်၊ ကားခွန်စသည်)
・ဟို့ကိုင်းဒိုးအထွေထွေရေးရာဌာန အခွန်ဌာန(ဂျပန်ဘာသာ)
http://www.pref.hokkaido.lg.jp/sm/zim/map/ichiran.htm
・ဟို့ကိုင်းဒိုးအထွေထွေမြင့်တင်ရေးဦးစီးဌာနနှင့် မြှင့်တင်ရေးဦးစီးဌာနရှိ အခွန်ဌာန၊ လမ်းအခွန်ရုံးဌာနစာရင်း(ဘာသာစကားပေါင်းစုံ)
/soudan/guide/zeimu.xls
(စည်ပင်သာယာအခွန် ~ မြို့မြို့နယ်ကျေးရွာနေထိုင်ခွန် ၊ ပစ္စည်းခွန်စသည်)
・မြို့တော်စည်ပင်သာယာရုံး၊ မြို့မြို့နယ်ကျေးရွာရုံးများ စာရင်း(ဘာသာစကားပေါင်းစုံ)
/soudan/guide/shichoson.xls
■ပင်စင်ကြေး
・အသက်ကြီးသောအခါ၊ ထိခိုက်အနာတရဖြစ်သောအခါ၊ မသန်မစွမ်းဖြစ်သောအခါဝင်ရသည့် အများပြည်သူပင်စင်စနစ်တွင် ဝန်ထမ်း စသည်တို့မှ ဝင်နိုင်သော ” ဝန်ထမ်းပင်စင်” နှင့် အသက် ၂၀ အထက် အသက်၆၀အောက်လူများဝင်နိုင်သော ” အမျိုးသားပင်စင်ကြေး” ဟူ၍ ရှိသည်။
・အမျိုးသားပင်စင် ထည့်ဝင်ခြင်းလုပ်ထုံးလုပ်နည်းကို မြို့ မြို့နယ်ကျေးရွာရုံးရှိ ပင်စင်ကောင်တာတွင် လုပ်ဆောင်ကာ အာမခံစရိတ်ကို ငွေပေးချေမှုစာလွှာနှင့်အတူ ပေးချေရပါမည်။
・ဝန်ထမ်းပင်စင် ထည့်ဝင်ခြင်းနှင့် အာမခံစရိတ်ပေးသွင်းခြင်းကို လုပ်ငန်းရှင်မှ လုပ်ဆောင်ပြီး အာမခံစရိတ်ကို လုပ်ငန်းရှင်နှင့် အာမခံထားသူမှ တစ်ဝက်စီပေးချေရပါမည်။
・ကာလတိုပင်စင်ထည့်ဝင်ပြီး နိုင်ငံသို့ပြန်ပါက ငွေတောင်းခံမှုမှ ငွေအချို့ကို ပြန်အမ်းပေးမည်ဖြစ်သည်။
<ဆက်စပ် အဖွဲ့အစည်းများ>
●လုပ်ထုံးလုပ်နည်း၊ စုံစမ်းမေးမြန်းရန်ကောင်တာ
・ဂျပန်နိုင်ငံ ပင်စင်အဖွဲ့အစည်း(ဂျပန်ဘာသာ/ အင်္ဂလိပ်ဘာသာ၊)
https://www.nenkin.go.jp/international/index.html#cms001
※ပင်စင်စနစ်နှင့် တယ်လီဖုန်းစကားပြန်ဘာသာစကားပေါင်းစုံဝန်ဆောင်မှု၏ လက်ကမ်းစာစောင်ကို ထုတ်ဝေထားသည်(ဘာသာစကားပေါင်းစုံ)
https://www.nenkin.go.jp/section/soudan/hokkaido/index.html(ပင်စင်ရုံး)
※လမ်းထောင့်ပင်စင်ဆွေးနွေးတိုင်ပင်ရေးစင်တာတွင်လည်း ထုတ်ဝေထားသည်(ဆပ်ပိုရိုရှိ နှစ်နေရာ)
・မြို့တော်စည်ပင်သာယာရုံး၊ မြို့မြို့နယ်ကျေးရွာရုံးများ စာရင်း(ဘာသာစကားပေါင်းစုံ)
/soudan/guide/shichoson.xls