နေထိုင်မှုဆိုင်ရာ လမ်းညွှန်

  • HOME
  • နေထိုင်မှုဆိုင်ရာ လမ်းညွှန်
  • ပညာရေး
ပညာရေး

【ပညာရေး】
 ■ပညာရေးစနစ်
 ・ပန်နိုင်ငံတွင် မူလတန်းကျောင်း ၆နှစ်တာနှင့် အလယ်တန်းကျောင်း ၃နှစ်တာ မသင်မနေရပညာရေးဖြစ်ပြီး ၆နှစ်မှ ၁၅နှစ်ရှိသော နိုင်ငံခြားသား ကလေးငယ်များလည်း မြို့ မြို့နယ် ကျေးရွာ၏ ပညာရေးကော်မတီသို့ လျှောက်ထားပါက ဂျပန်လူမျိုးများနှင့်တန်းတူ ကျောင်းဝင်ခြင်း (ကျောင်းပြောင်းခြင်း) များပြုလုပ်နိုင်ပါသည်။
 ・ပညာသင်နှစ်သည် ၄လပိုင်းတွင် စတင်ပြီး ၃လပိုင်းတွင်ပြီးဆုံးသော်လည်း ကာလရှည်ပိတ်ရက်အနေဖြင့် နွေရာသီကျောင်းပိတ်ရက်နှင့် ဆောင်းရာသီကျောင်းပိတ်ရက်ရှိပါသည်။
 ・မြို့၊မြို့နယ်ကျေးရွာတွင် တည်ထောင်ထားသော မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်း၏ သင်ခန်းစာမှာ အားလုံးဂျပန်ဘာသာဖြင့် သင်ကြားခြင်းဖြစ်ပါသည်။ ပညာသင်စရိတ်မှာ အခမဲ့ဖြစ်သော်လည်း လစဉ်စားသောက်စရိတ်နှင့် သင်ထောက်ကူပစ္စည်းကြေးများကို ကျခံပေးရန် လိုအပ်ပါသည်။ ထို့ပြင် အလယ်တန်းကျောင်းအောင်မြင်ပြီးသည့်နောက် အထက်တန်းကျောင်းသို့၊ အထက်တန်းကျောင်းအောင်မြင်ပြီးသည့်နောက် တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ပါက သက်ဆိုင်သည့် ဝင်ခွင့်စာမေးပွဲကို အောင်မြင်ရပါမည်။
 ・ကျောင်းတွင် စီရင်စုနယ်နှင့် မြို့၊ မြို့နယ်ကျေးရွာ မှ အုပ်ချုပ်သည့် အများပိုင်ကျောင်းများအပြင်၊ နိုင်ငံနှင့် ကျောင်းကော်ပိုရေးရှင်းမှ အုပ်ချုပ်သည့် အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းများရှိပြီး၊ ကျောင်းဝင်ခွင့်လုပ်ထုံးလုပ်နည်းနှင့် ကုန်ကျစရိတ်မှာကွာခြားပါသည်။
 ・အများပြည်သူမှ တည်ထောင်ထားသော မူလတန်းကျောင်း၊ အလယ်တန်းကျောင်းမှာ မြို့နယ်ရုံး၊ မြို့နယ်ကျေးရွာရုံး သို့ ပညာရေးကော်မတီသို့ အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်းများ၏ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းသည် ကျောင်းဝင်ရန် ဆန္ဒရှိသည့် ကျောင်းသို့ မေးမြန်းစုံစမ်းပေးပါ။
 ・ဆပ်ပိုရိုမြို့နှင့် နိဆဲခိုမြို့တွင် နိုင်ငံတကာကျောင်းများရှိပြီး၊ ဘာသာစကားပြဿနာစသည့်ကိစ္စများကြောင့် ဂျပန်နိုင်ငံ၏ ကျောင်းများသို့ ဝင်ရောက်ရန်ခက်ခဲသည့် နိုင်ငံခြားသားကလေးများအတွက် အင်္ဂလိပ်ဘာသာဖြင့်သင်ကြားရေးကို ဆောင်ရွက်ပေးပါသည်။
 ・ပန်နိုင်ငံတွင် စီးပွားရေးပြဿနာများကြောင့် ကျောင်းတက်ရန် ခက်ခဲသော မိသားစုများမှ ကလေးများအတွက် ကျောင်းတက်ရန် ထောက်ပံ့ပေးခြင်းနှင့် ပညာသင်ဆုထောက်ပံ့ပေးသည့်စနစ်၊ ပညာတော်သင် ကျောင်းသားများအတွက် ထောက်ပံ့ပေးသည့် ပညာသင်ဆု ထောက်ပံ့ပေးသည့်စနစ်ရှိပါသည်။

<ဆက်စပ် အဖွဲ့အစည်းများ>

 ●လုပ်ထုံးလုပ်နည်း၊ စုံစမ်းမေးမြန်းရန်ကောင်တာ
  〇အများပိုင်ကျောင်း
  ・မြို့တော်စည်ပင်သာယာရုံး၊ မြို့မြို့နယ်ကျေးရွာရုံးများ စာရင်း(ဘာသာစကားပေါင်းစုံ)
   /soudan/guide/shichoson.xls
  ・မြို့ ၊မြို့နယ်၊ ကျေးရွာရှိ ပညာရေးကော်မတီစာရင်း(ဂျပန်ဘာသာ)
   http://www.dokyoi.pref.hokkaido.lg.jp/hk/ksk/R1.6shityousonkyoui.pdf
  ・ဟို့ကိုင်းဒိုး ပညာရေးကော်မတီ ဟို့ကိုင်းဒိုးရှိကျောင်းများ၏စာရင်း(ဂျပန်ဘာသာ)
   http://www.dokyoi.pref.hokkaido.lg.jp/hk/ksk/chosa/gakkou-i/gakkou-i.htm
  〇ပုဂ္ဂလိကကျောင်း
  ・ဟို့ကိုင်းဒိုး ပညာရေးဆိုင်ရာဌာန(ဂျပန်ဘာသာ)
   http://www.pref.hokkaido.lg.jp/sm/gkj/index.htm
  〇နိုင်ငံခြားကျောင်း
  ・ဟို့ကိုင်းဒိုး နိုင်ငံတကာကျောင်း(အင်္ဂလိပ်ဘာသာ၊)
   http://home.his.ac.jp/

 ■ပညာရေးဆိုင်ရာဆွေးနွေးတိုင်ပင်ခြင်း
 ・အနိုင်ကျင့်ခံရခြင်းနှင့် ကျောင်းမှငြင်းဆန်ခြင်းများစသည့် အခက်အခဲဖြစ်နေသည့် ကလေးငယ်များအတွက် အုပ်ထိန်းသူများမှ ဖုန်းခေါ်ဆို၍ဆွေးနွေးခြင်းကို ၂၄နာရီစနစ်ဖြင့် ဆောင်ရွက်ပေးနေပါသည်။

<ဆက်စပ် အဖွဲ့အစည်းများ>
 ●လုပ်ထုံးလုပ်နည်း၊ စုံစမ်းမေးမြန်းရန်ကောင်တာ
 ・ဟို့ကိုင်းဒိုင်းပညာရေးရုံး ကလေးငယ်များအတွက်ဆွေးနွေးရေးကူညီထောက်ပံ့စင်တာ(ဂျပန်ဘာသာ)
  http://www.dokyoi.pref.hokkaido.lg.jp/hk/ssa/ijimedenwasoudan.htm
  TEL:0120-3882-56(အခမဲ့ဖုန်းခေါ်ဆိုနိုင်ခြင်း)