【အစိုးရရုံးတွင် လုပ်ထုံးလုပ်နည်း】
■နိုင်ငံခြားသားနေထိုင်မှုအခြေခံမှတ်ပုံတင်စနစ် နှင့် ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ
・ဂျပန်တွင် ရက် ၉၀ ကျော်လွန်ပြီးနေထိုင်သည့် ကာလလယ်၊ ကာလရှည်နေထိုင်သူအား "နေထိုင်ခွင့်ကတ်" ထုတ်ပေးမည်ဖြစ်ပြီး၊ နေထိုင်မည့်လိပ်စာ သတ်မှတ်ပြီးသည့်ရက်မှစ၍ ၁၄ရက်အတွင်းတွင်၊ နေထိုင်မည့် မြို့တော်စည်ပင်သာယာရုံး၊ မြို့နယ်ကျေးရွာရုံးတွင် "နေထိုင်မည့်လိပ်စာ အကြောင်းကြားခြင်း" ကိုပြုလုပ်ရန် လိုအပ်ပါသည်။
・ထိုသို့ အကြောင်းကြားခြင်းအားဖြင့် နေထိုင်မှုအခြေခံမှတ်ပုံတင်ခြင်းတွင် မှတ်ပုံတင်ခြင်းပြုလုပ်ပေးမည် ဖြစ်ပြီး ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ ပြုလုပ်ပေးပါမည်။
■လိပ်စာပြောင်းခြင်း
・တူညီသော မြို့နယ်ကျေးရွာအတွင်းတွင် ပြောင်းရွှေ့ပါက ပြောင်းရွှေ့မည့်လိပ်စာ အကြောင်းကြားခြင်း၊ အခြား မြို့မြို့နယ်ကျေးရွာသို့ ပြောင်းရွှေ့ပါက နေထိုင်မှုလိပ်စာ စာရင်းမှဖျက်ခြင်း၊ လိပ်စာသစ်စာရင်းသွင်းခြင်း ကိုအကြောင်းကြားရန် လိုအပ်ပါသည်။
<ဆက်စပ် အဖွဲ့အစည်းများ>
●စနစ်နှင့် လုပ်ထုံးလုပ်နည်းများ၏ အသေးစိတ်
・ပြည်ထဲရေးဝန်ကြီးဌာန(ဘာသာစကားပေါင်းစုံ)
http://www.soumu.go.jp/main_sosiki/jichi_gyousei/c-gyousei/zairyu/index.html
・တရားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဗီဇာစီမံခန့်ခွဲမှုဝန်ဆောင်ရေးအေဂျင်စီ(ဘာသာစကားပေါင်းစုံ)
http://www.immi-moj.go.jp/newimmiact_1/index.html
●လုပ်ထုံးလုပ်နည်း၊ စုံစမ်းမေးမြန်းရန်ကောင်တာ
(နေထိုင်ခွင့်လက်မှတ်ကဒ်ထုတ်ပေးသည်)
・ဆပ်ပိုရိုလူဝင်မှုကြီးကြပ်ရေးစီမံရေးဌာန (ဂျပန်ဘာသာ/ အင်္ဂလိပ်ဘာသာ၊)ဌာနခွဲရုံး
http:// www.immi-moj.go.jp/soshiki/kikou/sapporo.html
TEL:011-261-7502(ကိုယ်စားလှယ်)
(နေထိုင်မည့်လိပ်စာ အကြောင်းကြားခြင်း)
・မြို့တော်စည်ပင်သာယာရုံး၊ မြို့မြို့နယ်ကျေးရွာရုံးများ စာရင်း(ဘာသာစကားပေါင်းစုံ)
/soudan/guide/shichoson.xls
■တံဆပ်တုံးမှတ်ပုံတင်ခြင်း
・ဘဏ်အကောင့်ဖွင့်ခြင်းနှင့် လက်ကိုင်ဖုန်းစာချုပ်ချုပ်ဆိုခြင်းစသည်တို့ပြုလုပ်ရာတွင် တံဆိပ်တုံးလိုအပ် ပါသည်။ အရေးကြီးသော လုပ်ထုံးလုပ်နည်းများနှင့် စာချုပ်ချုပ်ဆိုခြင်း (ခြံနှင့် ကားဝယ်ခြင်းစသည်) တို့တွင်၊ မြို့ မြို့နယ်ကျေးရွာရုံးတွင် တံဆိပ်တုံးမှတ်ပုံတင်ခဲ့သည့် တံဆိပ်တုံး (လက်မှတ်အစားထိုးတရားဝင်တံဆိပ်တုံး) လိုအပ်ပါသည်။
・ထုတ်ပေးသည့် တံဆိပ်တုံးမှတ်ပုံတင်ကတ်ဖြင့် တံဆိပ်တုံးမှတ်ပုံတင်ထောက်ခံစာ ထုတ်ပေးခြင်းကိုလက်ခံရရှိနိုင်ပါသည်။
■လက်ထပ်ခြင်း၊ ကွာရှင်းခြင်း အား အကြောင်းကြားခြင်း
・ဂျပန်တွင် ပုဂ္ဂိုလ်ရေးရာကိစ္စများဖြစ်သော မွေးဖွားခြင်းနှင့် သေဆုံးခြင်း၊ လက်ထပ်ခြင်းစသည့် လူမှုရေးဆိုင်ရာဆက်စပ်မှုများအား မှတ်ပုံတင်ပြီး၊ လူသိရှင်ကြား ဖော်ပြသည့် သန်ခေါင်စာရင်းစနစ် ရှိပါသည်။
・ဂျပန်တွင် လက်ထပ်သည့်အခါ မြို့ မြို့နယ် ကျေးရွာရုံးသို့ အကြောင်းကြားရမည့်အပြင် ဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးစီမံရေးဌာနနှင့် မိမိနိုင်ငံ၏ သံရုံးနှင့် ကောင်စစ်ဝန်ရုံးတွင် ဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းများ လိုအပ်ပါသည်။
■သေမင်း၏အကြောင်းကြားစာ
・ဂျပန်နိုင်ငံတွင် သေဆုံးခဲ့သည့်အခါ ၇ရက်အတွင်း မြို့ မြို့နယ် ကျေးရွာရုံးသို့ အကြောင်းကြားရန် လိုအပ်ပါသည်။
■ကိုယ်ပိုင်နံပါတ်စနစ်
・ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ မှတ်ပုံတင်ပြီးသည့်နောက် ဂဏန်း ၁၂လုံးရှိသည့် ကိုယ်ပိုင်နံပတ် ရေးထားသည့် "ကိုယ်ပိုင်နံပါတ်ကတ်" ကိုပေးပို့ပါမည်။ ဤ "ကိုယ်ပိုင်နံပါတ်" သည် လူမှုလုံခြုံရေးအာမခံ၊ အခွန်၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့၏ စီမံခန့်ခွဲခြင်း လုပ်ထုံးလုပ်နည်းစသည်တို့တွင် အသုံးပြုမည်ဖြစ်သောကြောင့် သေသေချာချာ ကိုင်တွယ်ဆောင်ရွက်ကြရအောင်။
・ကိုယ်ပိုင်နံပါတ် အကြောင်းကြားပြီးသည့်နောက် မြို့ မြို့နယ်ကျေးရွာရုံး တွင် လျှောက်ထားသည့်အခါ မျက်နှာပါဓာတ်ပုံနှင့် ပူးတွဲ၍ IC ကတ် "ကိုယ်ပိုင်နံပတ်ကတ်" ကို အခမဲ့ ထုတ်ပေးမည်ဖြစ်ပြီး တရားဝင်သက်သေခံကတ်(ID ကတ်) နှင့် စီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှု၏ အီလက်ထရောနစ်လျှောက်ထားခြင်းတွင် အသုံးပြုနိုင်သည်။
■အခြား လုပ်ထုံးလုပ်နည်းများ
・ပင်စင်ကြေး …" အခွန်နှင့် ပင်စင်ကြေး " ကိုကိုးကား
・ကျန်းမာရေးအာမခံ …" ကျန်းမာရေးအာမခံ၊ ဆေးကုသရေး၊ ဆေးရုံ " ကိုကိုးကား
・မီးဖွားမှုအကြောင်းကြားခြင်း …" မီးဖွားခြင်းနှင့် ကလေးပြုစုစောင့်ရှောက်ခြင်း " ကိုကိုးကား
・မူလတန်း၊ အလယ်တန်းကျောင်း၏ ကျောင်းပြောင်းခြင်း …" ပညာရေး " ကိုကိုးကား
<ဆက်စပ် အဖွဲ့အစည်းများ>
●စနစ်နှင့် လုပ်ထုံးလုပ်နည်းများ၏ အသေးစိတ်
・ဝန်ကြီးအဖွဲ့ရုံး(ဘာသာစကားပေါင်းစုံ)
https://www.cao.go.jp/bangouseido/foreigners/index.html (ကိုယ်ပိုင်နံပါတ်စနစ်)
TEL:0120-0178-26(ဘာသာစကားပေါင်းစုံ ဖုန်းလက်ခံဌာန)
●လုပ်ထုံးလုပ်နည်း၊ စုံစမ်းမေးမြန်းရန်ကောင်တာ
(အမျိုးအမျိုးသော လုပ်ထုံးလုပ်နည်းများ)
・မြို့တော်စည်ပင်သာယာရုံး၊ မြို့မြို့နယ်ကျေးရွာရုံးများ စာရင်း(ဘာသာစကားပေါင်းစုံ)
/soudan/guide/shichoson.xls
(လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ သေဆုံးခြင်း)
・နိုင်ငံခြားရေးဝန်ကြီးဌာန ဂျပန်ရှိနိုင်ငံခြားသံရုံး(အင်္ဂလိပ်ဘာသာ၊/မိခင်ဘာသာ)
https://www.mofa.go.jp/about/emb_cons/over/multi.html
・ဟို့ကိုင်းဒိုင်းရှိ နိုင်ငံအသီးသီး၏အထွေထွေကောင်စစ်ဝန်ရုံး၊ ကောင်စစ်ဝန်ရုံး(ဂျပန်ဘာသာ/ အင်္ဂလိပ်ဘာသာ၊/မိခင်ဘာသာ)
/soudan/guide/koukan.xls